သာယာဝတီ ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သည့် ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်ပညာရေးမှုး ဦးဝင်းနိုင် ဦးဆောင်၍ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ/ဆရာမများက မြို့ပေါ် ရပ်ကွက်အခြေခံပညာကျောင်းများနှင့် ကျေးရွာအလိုက် အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၉၂)ကျောင်းတို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအပ်နှံပြီးစီးသူ ယမန်နေ့ထိ (၃၆၄၇၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူရုံးမှသိရသည်။
သန့်ဇော် (ပြန်/ဆက်)