မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ (၂၉၄၀၆)ဦးရှိ

မြို့သစ် ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၉၄၀၆)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းခွဲ ( ၇)ကျောင်း၊    မူလတန်းကျောင်း(၅၅)ကျောင်း၊   မူလွန်ကျောင်း (၄၀)၊   အလယ်တန်းကျောင်းခွဲ (၂၉)ကျောင်း၊    အလယ်တန်းကျောင်း (၃၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၈)ကျောင်း၊ အထက်တန်းကျောင်း (၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း (၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း  စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၁၉၃)ကျောင်းတွင် မေလ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၄၀၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)