ဝါးခယ်မ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ စတင် ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်ဝမ်းမြောက်စွာ ကျောင်းတက်လျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိစာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်းလာပို့သည့် ကျောင်းသားမိဘများနှင့် တွေ့ဆုံ အားပေးစကားပြောကြားခြင်း၊ စာသင်ကျောင်းများသန့်ရှင်းသပ်ရပ်မှုရှိ၊ မရှိစစ်ဆေး၍ စာသင်ခန်းများ၌ လို့အပ်သည်များမှာကြားဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းအပြင် လုံခြုံမှုရှိစေရေး စီမံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၅၂)ဦး တက်ရောက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၀၄၆)ဦး တက်ရောက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၂၆၉၈)ဦး ပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)