ပေါက်ခေါင်း ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြခံပညာကျောင်းများအားလုံး ယနေ့ဇွန်လ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးစတင်ဖွင့်လှစ်ခဲ့ရာ ပေါက်ခေါင်းမြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား၊ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှစတင်ပြီး အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း(၂၃)ကျောင်း၊ မူလွန်ကျောင်း(၅၅)ကျောင်း၊ မူလတန်းကျောင်း (၁၀၃)ကျောင်းနှင့် မူလတန်း(ခွဲ)ကျောင်း(၁၀) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၂၁၉ ကျောင်းဖွင့်လှစ်သင်ကြားခဲ့ပြီး ယမန်နေ့အထိ မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၁၇၅၂၅ ဦး ရှိကြောင်းနှင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)