ကော့သောင်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဒေသခံပြည်သူများရေလုံလောက်စွာရရှိရေးဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ကော့သောင်း  ဇွန်  ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒေသခံပြည်သူများ ရေလုံလောက်စွာရရှိရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဦးခင်ကျော်က ယနေ့နံနက်ပိုင်းတွင်ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်(၁)မိုင်ရေစုကန် ၌ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့တို့က ကော့သောင်းမြို့နေပြည်သူများ ရေလုံလောက်စွာရရှိရေး၊ ရေအမြန်ဖြန့်ဖြူးနိုင်ရေးအတွက်တည် ဆောက်လျက်ရှိသည့် (၁)မိုင်ရေစုကန်တည်ဆောက် နေမှုအားအမြန်ပြီးစီး ရေးနှင့်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ (၁)မိုင်ရေစုကန်တည်ဆောက်မှုကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ခဲ့ပြီး ဂါလံ(၃) သိန်းဆံ့ ရေစုကန်(၂)ကန် သည် ယခုအခါ ၈၀% ပြီးစီးပြီဖြစ်၍ ပြည်သူများရေလုံလောက်စွာ ရရှိရေးနှင့်အမြန်ဖြန့်ဝေပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)