စလင်း ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အနာဂတ်၏မျိုးဆက်သစ်လူငယ်များအား ဗုဒ္ဓအဆုံးအမ တရားတော်များနှင့်အညီ ယဥ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဒုတိယအကြိမ် ဗုဒ္ဓဘာသာအခြေခံ ယဥ်ကျေးလိမ္မာသင်တန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေး ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းသို့ မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်း၏ ဦးဆောင်မှုဖြင့် သင်တန်းနည်းပြ ဆရာမများက ကိုယ်အမူအရာ၊ နှုတ်အမူ အရာပျူငှာယဥ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ ပြုမူပြောဆိုကျင့်ကြံ နေထိုင်တတ်စေရန် ဗုဒ္ဓသာသနာ၏ အနှစ်သာရများ သိရှိစေရန်နှင့် တန်ဖိုးထား ထိန်းသိမ်းစောင့် ရှောက်တတ်စေရန် ရည်ရွယ်၍ ဗုဒ္ဓဝင်အကျဥ်းမှတ်စု၊ ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် ကံကံ၏ အကျိုး၊ ဘုရားရှစ်ခိုးခြင်း ဆုတောင်းမေတ္တာပို့သခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဒုစရိုက်၊ သုစရိုက်နှင့် ပုညကြိယာဝတ္တု၊ မင်္ဂလသုတ်နှင့် စာရိတ္တ၊ ယဥ်ကျေးမှုစသည့် ဗုဒ္ဓစာပေများကို စနစ်တကျ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်းကို မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးနေကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်၊စလင်းမြို့