ပခုက္ကူ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့ပေါ်နှင့် မြို့နယ်အအတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့မှစ၍ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း၊ "ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ကြရာ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၃၅၆၉ ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၃၆၅၄ ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၁၅၇၁ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း ၁၈၇၉၄ ဦးရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ ကျောင်းများအလိုက် အသီးသီးထုတ်ပေးကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဘာမီသာ(ပခုက္ကူ)