ဆင်ဖြူကျွန်းမြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုဖြင့် မိုးသည်းထန်စွာ ရွာသွန်း၍ စလင်းချောင်းရေမြှင့်တက်ခဲ့ပြီး ချောင်းအတွင်းမှ မျှောပါအမှိုက်များနှင့် ရပ်ကွက် နေအိမ်များမှ အမှိုက်များမြို့သန့်ရှင်းသပ်ရပ်လှပ‌စေရန် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်း ရေးဆောင်ရွက်

စလင်း  ဇွန်လ ၁

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့ အပါအဝင် ရပ်ကွက် များနှင့် ကျေးရွာများအတွင်း မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စလင်း‌ချောင်းရေ မြှင့်တက်မှုကြောင့် ချောင်းအတွင်းမှ အမှိုက်များနှင့် ပြည်သူများ၏ နေအိမ်များမှ စွန့်ပစ် အမှိုက်များ ရှင်းလင်းဆောင်ရွင်ခြင်း၊ စလင်းချောင်း နွယ်တမယ်ချောင်းစပ်မှ အမှိုက်များကို စက်ယန္တရားကြီးများကို အသုံးပြု၍ ရှင်းလင်း ဆောင်ရွက်မှုများကို မြို့နယ်ည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

စလင်းမြို့နယ်အတွင်းရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၁၀ ရှိရာ ကျေးရွာအုပ်စု ၅၅ အုပ်စုတို့တွင် မိုခါ မုန်တိုင်းဖြစ်ပေါ်ခဲ့ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် စလင်းချောင်း ရေမြှင့် တက်ကာ ရေစီးနှင့် အတူမျောပါလာသည့် အမှိုက်များ၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ရပ်ကွက် များအတွင်း ရေဝင်ရောက်ခဲ့ကာ အမှိုက်များတင်ကျန်နေမှု၊ ပြည်သူများ၏နေအိမ်များမှ နေ့စဥ်အသုံးပြုသည့် စားဖိုချောင်တို့တွင် အသုံးပြုစွန့်ပစ်အမှိုက်များအား စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြင့်မြတ် ဦးဆောင်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုများနှင့်အတူ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိရပ်ကွက်များ သန့်ရှင်းသပ်ရပ် လှပစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စက်ယန္တရားကြီးများကို အသုံးပြု၍ စလင်းချောင်း နွယ်တမယ်ချောင်းစပ်ရှိအမှိုက်ကျင်းအား ပြန်လည်တူးဖော်ဆောင် ရွက်ခြင်းနှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူတို့၏ နေအိမ်များမှ မီးဖို ချောင်းသုံး စွန့်ပစ်အမှိုက်နှင့် ချောင်းရေမြှင့်တက်မျှောပါခဲ့သည့် အမှိုက်များကို စလင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများကို စုပေါင်းသန့်ရှင်းလုပ်ဆောင်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့