မင်းလှ ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊မင်းလှမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် (Kg) တန်းမှ Grade-12 တန်းအထိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၁၉၈၉၇)ဦးအပ်နှံခဲ့ပြီး တတ်ရောက်ကာအေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် (ထက်၊ လယ်၊ မှု) အခြေခံပညာကျောင်းပေါင်း (၁၅၅) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁) ကျောင်း၊ ဘ/က (၄) ကျောင်းရှိပြီး မူလတန်းအဆင့် ၁၃၇၇၅ဦး၊အလယ်တန်းအဆင့် ၄၃၁၁ ဦး၊အထက်တန်းအဆင့် ၁၈၁၁ ဦး စုစုပေါင်းကျောင်းသားကျောင်းသူ (၁၉၈၉၇) ဦးတို့ အေးချမ်းစွာတတ်ရောက် သင်ကြား၍ မြို့နယ်ပညာရေးမှူးရုံးမှကြီးကြပ်မှုဖြင့် ဆရာ/ ဆရာမက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ (ပြန်/ ဆက်)