စလင်း ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပိန္နဲပင်၊ ငါးသန်ခေါင်းချောင်းတံတား အရှည် (၈၂၀) ပေ ချဥ်းကပ်လမ်းအား မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တံတားချဥ်းကပ်လမ်း ပျက်စီးနေမှုအား မေလ ၃၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စလင်းချောင်းရေမြှင့်တက် ရေတိုက်စားကာ ပိန္နဲပင်၊ ငါးသန်ခေါင်း ချောင်းတံတား (၈၂၀) ပေ ကွန်ကရစ်တံတား ငါးသန်ခေါင်းကျေးရွာဘက်ခြမ်း ချဥ်းကပ်လမ်း အလျား (၁၂၀၀)ပေခန့် ရေတိုက်စား ပဲ့ပါသွားခဲ့သည်။ အဆိုပါဖြစ်စဥ်ကြောင့် မေလ (၃၀)ရက်နေ့ နံနက် ၉ နာရီအချိန်က ကျေးလက်ဖွံဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားရေးမှူး (မြို့ပြ) (တံတားတည်ဆောက်ရေး)၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ မင်းဘူးခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် စလင်းမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူး (မြို့ပြ) တံတားတည်ဆောက်ရေးက ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ လမ်းပန်းဆက်သွယ်ရေးသွားလာမှုများ မပြတ်တောက်စေရေးနှင့် တံတားရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရမည့် အစီအမံများအား အမြန်ဆုံး ဆက်လက်လုပ်ဆောင်သွားရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)