အုတ်ဖို ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ပြီဖြစ်၍ ယနေ့ ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်နှင့် သက်ဆိုင်ရာ အခြေခံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများက ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး အုတ်ဖိုမြို့နယ်အတွင်းရှိ အ.ထ.က (၅) ကျောင်း၊ အ.ထ.က ခွဲ (၈) ကျောင်း၊ အ.လ.က (၁၄ )ကျောင်း၊ အ.လ.က ခွဲ (၉ )ကျောင်း၊ မူလွန် (၂၀)၊ အ.မ.က (၁၂၁) ကျောင်း၊ အ.မ.က ခွဲ (၁) ကျောင်း၊ စုစုပေါင်း (၁၇၈) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇)ကျောင်း ကိုယ်ပိုင်ကျောင်း (၂)ကျောင်းတို့တွင်၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ထက်/ လယ်/ မူကျောင်းအပ်နှံပြီးစီးသူ ယမန်နေ့ထိ (၁၈၄၃၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူရုံးမှ သိရသည်။
အောင်သူ (ပြန်/ ဆက်)