သနပ်ပင် ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့ ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဦးကျော်မြင့်၊ ဒုတိယပညာရေးမှူး ဦးနေအောင်၊ ဆရာမကြီး ဒေါ်စန္ဒာအောင်၊ ဆရာ/ ဆရာမများ၊ မြို့ပေါ်၊ ရပ်ကွက်ကျေးရွာအလိုက် အခြေခံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ ကကျောင်းသား/ ကျောင်းသူများပညာသင်ကြားနေမှုများနှင့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ သနပ်ပင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း စုစုပေါင်း(၁၂၄) ကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေကြောင်း သိရသည်။
လှမိုး (ပြန်/ ဆက်)