ဒိုက်ဦး ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်သည့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နော်ခရီစဲလ်ဒါနှင့် ဆရာ/ဆရာမများ၊ ကျေးရွာအလိုက် အခြေခံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒိုက်ဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၇) ကျောင်းတို့၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ထက်/လယ်/မူ ကျောင်းအပ်နှံပြီးစီးသူ ယမန်နေ့ထိ (၃၇၆၂၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)