ဆိပ်ဖြူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဧရာဝတီ မြစ်ရေမြင့်တက်နေသည့်အတွက် ရေကင်းလှည့် စစ်ဆေးခြင်းနှင့် မြစ်ကမ်းနားဘေး ကျေးရွာ များနှင့် မြစ်အလယ်ကျွန်းအတွင်း စိုက်ပျိုးလုပ်ကိုင်နေထိုင်သူများအား ရေဘေးအန္တရာယ် အသိ ပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ပိုင် ရှာဖွေ ကယ်ဆယ်ရေး ရေယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။
ဆိပ်ဖြူမြို့နယ်တွင် ယခုအခါ ဧရာဝတီမြစ်ရေမြင့်တက်ေနသည့်အတွက် မြစ်ကြောင်း အတွင်း သွားလာသည့် ရေယာဉ်များအန္တရာယ်ကင်းရှင်းစေရေးနှင့် မြစ်ရေကြီးခြင်းကြောင့် ဒေသခံ ပြည်သူ များရေဘေးအန္တရာယ် ကင်းရှင်းစေရန် ၊ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်စေရန်နှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လိုအပ်သော ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း ဦးဆောင်၍ ဆိပ်ဖြူ မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးဖြိုးဝေအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ ၊ ဆိပ်ဖြူမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် အောင်သူနှင့် ရဲတပ်ဖွဲ့ဝင်များက ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနားဘေး ကျေးရွာ များအတွင်း မြစ်ရေဝင်ရောက်မှု အခြေအနေများနှင့် ဧရာဝတီမြစ်အတွင်းသွားလာသည့် ရေယာဉ်များ ရေကြောင်း သွားလာမှု အန္တရာယ်ကင်းရှင်းရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ၊မြစ်ကမ်းနားဘေးကျေးရွာများနှင့် မြစ်အလယ် ကျွန်းပေါ်တွင် အခြေချနေထိုင်ပြီး စိုက်ပျိုး ရေးလုပ်ကိုင်သူများအား ရေဘေးအန္တရာယ် အသိပညာပေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ အရေးပေါ်အခြေအနေတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက် ရမည့်နည်းလမ်းများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အသိပေးပြောကြားပေး ခဲ့ကြောင်းသိ ရှိရသည်။
စိုးလင်းနိုင်(IPRD)