နတ်မောက် အောက်တိုဘာ ၈
မကွေးတိုင်းဒေကြီး နတ်မောက်မြို့နယ် စစ်ဆေးရေးဂိတ်များ၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် တွင်း မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit များနှင့် Swab ယူစစ်ဆေးရာ ပိုးမ တွေ့ရှိကြောင်းသိရသည်။
နတ်မောက်မြို့ပေါ်ရှိမော်တော်ယာဉ်များ ၊ကုန်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် (၂၀)ဦး နှင့် ရွာမွန်စစ်ဆေးရေးဂိတ်တွင် အခြားတိုင်းဒေသကြီး/ပြည်နယ် များမှ ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်ရာ ကုန်တင်ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် (၂၈) ဦးတို့ အား Antigen Test Kit for COVID -19 များနှင့် swab စစ်ဆေးမှုဆောင်ရွက်ခဲ့ရာ (၄၈) ဦး စလုံး မှာ ပိုးမတွေ့ရှိပါ ကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
လှဝင်း(နတ်မောက်ပြန်/ဆက်)