ရေစကြိုမြို့နယ်၌ မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးကော်မတီက ပူးပေါင်း စစ်ဆေးရေး ဂိတ်များတွင်Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

ရေစကြို အောက်တိုဘာ ၈

ရေစကြိုမြို့နယ်က တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထွက်ခွာမည့် ကုန်တင် မော်တော် ယာဉ် မောင်း/ ယာဉ်နောက် လိုက်များကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်က စတင် ပြီး Test Kit ဖြင့် စစ်ဆေးလျက်ရှိသည်။

မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်‌ရေးနှင့်အရေး‌ပေါ်တုံ့ပြန်‌ရေးကော်မတီနှင့် မြို့နယ်ပုဂ္ဂလိက ပိုင် မော် တော်ယာဉ်ကြီးကြပ်ရေးကော်မတီ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်း၍ ရေစကြိုမြို့ အ.ထ.က ၁ ကျောင်းဝန်းအတွင်းနှင့် ဒေသနယ်စပ် ဂိတ်ဖြစ်သော ဆင်ဖြူရှင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် စနစ်တကျစစ်ဆေး ဆောင်ရွက်လျက်ရှိရာ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝိ/- တိတိပေးသွင်းရပြီး လိုင်စင်ဓာတ်ပုံ ၂ ပုံတင်ပြရမည်ဖြစ် ကြောင်းသိရသည်။

တိုင်းဒေသကြီးခြား ရေစကြိုမြို့ နယ်၏ ဒေသနယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူရှင် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များက ဝင်ရောက်လာသည့် ကုန်တင် မော်တော်ယာဉ်မောင်း/ ယာဉ်နောက်လိုက်များကို Swab ယူစစ်ဆေးရန်အတွက် Test Kit များဖြင့်စစ်ဆေးခြင်း၊ စမ်းသပ်ခန်း ၁၂ ပေx ၆ ပေ ပလပ်စတစ်ခန်း စီစဉ် ဆောင်ရွက်ထားခြင်းနှင့် ဓါတ်ပုံများ ချက်ခြင်းထုတ်ယူနိုင်ရန် ကွန်ပျူတာ၊ Printer များ အသင့်ပြင် ဆင်ထားရှိ၍ ဆောင်ရွက်လျက်ရှိသည်။

ရေစကြိုမြို့နယ်အတွင်းရှိ ကုန်တင်မော်တော်ကားများအနေဖြင့် ကုန်စည်စီးဆင်းမှု မပြတ် တောက်စေရေးအဖွဲ့သို့ သတင်းပို့ပြီး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်သဖြင့် ရေစကြိုမြို့နယ် ကိုဗစ်- ၁၉ ကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စစ်ဆေးရေး ဂိတ်တွင် တာဝန်ကျ အဖွဲ့ဝင်များဖြင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

နွယ်နွယ်အောင် (ပြန်/ဆက်)