ကနီ အောက်တိုဘာ ၈
ယင်းမာပင်ခရိုင် ကနီမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံပျက်စီးဧကများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ ကမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးနိုင်နှင့်ဝန်ထမ်းများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ကနီမြို့နယ် ချိုင်အုပ်စု ချိုင်ကျေးရွာနှင့်ခုံကြီးအုပ်စု ခုံကြီေ ကျးရွာစုစုပါင်းကျေးရွာ(၂)ရွာမှ တောင်သူ(၇၅)ဦး တို့အား စပါး(၁)ဧကလျှင် - ၁၀၀၀၀/-ကျပ်၊ မြေပဲ(၁) ဧကလျှင် - ၃၀၀၀၀/-ကျပ်၊နေကြာ(၁)ဧကလျှင် - ၅၀၀၀/-ကျပ် ၊ပဲကြီး( ၁)ဧကလျှင် - ( ၅၀၀၀)/-ကျပ်၊အစေ့ ထု တ် ပြောင်း( ၁)ဧကလျှင် ( ၁၀၀၀၀/-)ကျပ် ၊ ကုလားပဲ ( ၁)ဧက လျှင်( ၅၀၀၀/-)ကျပ်နှင့်နှမ်း(၁)ဧကလျှင်( ၅၀၀၀/-)ကျပ်နှုန်းဖြင့်မိုးစပါး( ၂ )ဧက၊ေ မြပဲ( ၁၀)ဧက ၊.ပဲ ကြီး (၃ )ဧက၊ နေကြာ( ၁၅)ဧက၊အစေ့ထုတ်ပြောင်း( ၂)ဧက၊ ကုလားပဲ (၅ )ဧက၊ နှမ်း(၃ )ဧက များအတွက်စုစုပေါင်းထောက်ပံ့ငွေ - ၃၂၀၀၀၀/-ကျပ်တို့ကို တောင်သူများလက်ဝယ်အရောက်ထောက် ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)