ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံ

ကျောက်ကြီး မေ ၃၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကာကွယ်ဆေးများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB(1.16) (Arcturus) သည် ယခင်မျိုးရိုးဗီဇပြောင်းရောဂါပိုးများထက် (1.27) ဆအထိ ပိုမိုကူးစက်မှုမြန်ကြောင်း တွေ့ရှိရသဖြင့် ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရန်လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့်သေဆုံးမှုကိK လျော့ချနိုင်ရန် ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး (Sinopharm)အား စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး နောက်ရက်များတွင်လည်း ကျန်ရှိဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)