ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၃) သို့ တက်ရောက်

ဟားခါး မေ ၃၁

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၈/၂၀၂၃) ကို မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးမောင်မောင်ဆန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ဟားခါးမြို့နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ် သည့် မြို့နယ် ( ၆ ) မြို့နယ်မှ ထိခိုက်ပျက်စီးမှုစာရင်းအား မေလ ၂၉ ရက်နေ့အထိ စာရင်းအချုပ် အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြို့နယ်အသီးသီးမှ လေဘေးသင့်ပြည်သူများအတွက် ပထမအကြိမ် ပေးပို့သည့် ထောက်ပံ့ပစ္စည်းများကို မြို့နယ် (၄) မြို့နယ်သို့ ရောက်ရှိထောက်ပံ့လျက်ရှိပြီး ကျန် မြို့နယ်များကို ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ တွက်ချက် ရာတွင် “စံ”တစ်ခု သတ်သတ်မှတ်မှတ်ထားရှိရန် လိုကြောင်း၊ စာရင်းဇယားမှန်ကန်မှု ရှိစေရေးနှင့် ထောက်ပံ့ပစ္စည်းများအား လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ရောက်ရှိနိုင်ရေး အားလုံပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသိန်းကမိုခါမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ ကော်မတီအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရ မည့်အစီအမံများကိုလည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာက ပလက်ဝမြို့တွင် အင်တာနက်လိုင်းရရှိရန် ဆောင်ရွက်မှုအခြေအနေနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပျက်စီးသည့် စာသင်ဆောင်မျာကျောင်းဖွင့်ရက်အမီ ယာယီပြင်ဆင်ထားရှိမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက လေဘေးသင့် ပြည်သူများအား စားသောက်ကုန်များ ဆက်လက်ထောက်ပံ့ပေးသင့်သည့် အ ခြေအနေနှင့်ပျက်စီးမှုစာရင်းများတွက်ချက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့မှ နောက်ဆုံးအတည်ပြုသည့် ဒေသန္တရစျေးနှုန်းဖြင့် တွက်ချက်ရေးတို့ကို ဆွေးနွေးကြပြီး သယံဇာတရေးရာဝန်ကြီးဦးကျော်ငြိမ်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)