ပိုင်ကျုံ မေ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာ သန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေး ခဲ့သည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ မွေးစမှအသက်နှစ်နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတို့အား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ထိုးနှံပေးလျက်ပြီး ဇွန်လတွင် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေးများထိုးရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးလာရောက်ထိုးနှံသည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)