ပန်းတောင်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ဒုရဲမှူးကြီးဇော်နိုင်ထွန်း၊ မြို့နယ်ရဲမှူးသန်းလွင်၊ ဒုရဲမှူးမျိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရွာသာယာကျေးရွာ/အုပ်စုရှိ ဖိုးဦးတောင်စေတီတော်မြတ်ကြီး၏ ဓာတ်လှေကားဆောက်လုပ်မည့်နေရာအားလည်းကောင်း၊ စွယ်တော်ကျေးရွာ/အုပ်စုရှိ Haina Global Pte Ltd ကုမ္ပဏီအခြေစိုက် EP 4 ဧရိယာရှိ ရေနံစမ်းတွင်းတူးဖော်သည့်နေရာအားလည်းကောင်း၊ ဆင်တဲအုပ်စု၊ တမာကုန်းကျေးရွာရှိ မြစိမ်းရောင်မွေးမြူရေးလုပ်ငန်းနှင့် မြစ်ရေတင်စီမံကိန်းတို့အားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးကာလိုအပ်သည်များကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)