သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သာပေါင်း မေ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ မေလ ၂၉ ရက်‌နေ့ နံနက် ၈ နာရီအချိန်က ကွမ်းခြံကုန်း ကျေးရွာ၍ ကျင်းပခဲ့သည်။

မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်း ရည်ရွယ်၍ သစ်တောသစ် ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်၊ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ် အာဝါသ နှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူချိန်လျှော့ချနိုင်စေရန် အပူဒဏ်ကာ ကွယ်နိုင်စေရေးတို့အတွက်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိလာခဲ့ကြရာမှ ၂၀၂၃ ခုနှစ်၊မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာ ထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ကျွန်း ပျိုးပင်(၃၀)၊ ပျဥ်းကတိုး ပျိုးပင်(၁၂၀)၊ မန်ဂျန်ရှား ပျိုးပင်(၁၀၀)၊ မဟော်ဂနီ ပျိုးပင်(၁၀၀) ပေါင်း(၃၅၀) တို့ကို ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ကွမ်းခြုံကုန်း ကျေးရွာ၊ (၁) ဧကတွင်စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မျိုဇော်သိန်း သာပေါင်း (ပြန်/ဆက်)