ရွှေတောင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရွှေတောင် မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.ကရွှေတောင် ရတနာခန်းမ၌ ယနေ့နံနက် ၉း၀၀နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် အ-ထ-က ရွှေတောင် ကျောင်းသား ၊ကျောင်းသူလေးများက "မြန်မာ့ကျောင်း "သီချင်းဖြင့်ဂုဏ်ပြုသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်မြေစည်းရုံးရေးမှူး ဗိုလ်မှူးကြီးကျော်ကျော်လင်းမှ အဖွင့်မိတ်ဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ရွှေတောင်မြို့နယ် ပညာရေးမှူး ဦးကျော်ဦးက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်များ၊ကျောင်းဝတ်စုံများ၊ခဲတံနှင့်ဘောပင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အထကရွှေတောင် ကျောင်းသား၊ ကျောင်းသူလေးများက "ပြည်မြန်မာ"သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)