မော်လမြိုင်ကျွန်း အောက်တိုဘာ ၇
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိုနယ် အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်အတူ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေး ကော်မတီတွင် အသုံးပြုနိုင်ရန် အလှူငွေများ လှူဒါန်းပေးလျက်ရှိရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ (M.T.F)မှ အလှူငွေကျပ်(၄)သိန်း၊ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် ကျပ်ငါးသောင်းနှင့် လုပ်ငန်းသုံး ပစ္စည်းများ၊ ဆရာဦးထွန်းဝင်း+ဒေါ်ချိုချိုမြင့် (တော်ဝင်မြန်မာ ရန်ကုန်မျက်မှန်ဆိုင်)မှ ကျပ်တစ်သိန်းနှင့် ဦးတင်လှိုင်+ ဒေါ်ညွှန့်ညွှန့် (ရွှေနီလာရွှေဆိုင်)မိသားစုမှ ကျပ်(၅)သိန်း၊ ဦးကျော်နိုင်(စားဖျော်)မိသားစုမှ ကျပ်(၅) သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ (၂၂ဝဝဝဝ)ကျပ်၊ ဦးကျော်သူ၊ ဦးဇော်လတ်မှ (၃)သိန်းကျပ်နှင့် ဦးညွှန့်လွင်+ဒေါ်ညို(ထိပ်တန်းဆန်စက်)၊ ဦးမောင်ဇော်၊ ဒေါ်ဌေးဌေး(ဧကရာဇ်ဆန်စက်)၊ (ဦးဝင်းရွှေ) ဒေါ်တင်တင်ရီ၊ ဦးမောင်မောင်မြင့်၊ ဒေါ်နွဲ့နွဲ့ရီ တို့မှ ကျပ်တစ်သိန်းစီတို့ကို စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ပေးအပ်လှူဒါန်းကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီ အဖွဲ့ဝင်များမှ လက်ခံရယူကြကြောင်း သိရသည်။
သီတာအောင်(ပြန်ဆက်)