ရေစကြို မေ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ပညာရေးမှူးရုံးက ကြီးမှူးဆောင်ရွက်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတမာခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ရေစကြိုမြို့နယ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပညာရေးရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးကျော်ဝင်းက ပညာရေးဆိုင်ရာလိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခမဲ့ဖြန့်ဝေသောကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးချမ်းမြေ့အောင်၊ခေတ္တမြို့နယ်မှူးရဲမှူး ရန်နိုင်ဝင်း၊ ဦးကျော်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးညီညီအောင်၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်များမှ ကျောင်းသား/သူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား /သူများထံပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းအေးနှင့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)