အောင်လံ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ တန်ဘိုးကျေးရွာ မြို့အဝင်ဂိတ်အနီး စစ်ဆေးရေးဂိတ်တို့တွင် ထောက်ခံချက်ပါရှိခြင်းမရှိသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့်စစ်ဆေး ဆောက်ရွက်ခြင်း ကို ယမန်နေ့နံနက်(၉)နာရီမှ ညနေ(၅)နာရီခွဲအချိန်ထိ RDT (Rapid Antigen Diagnostic Test Kit) ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အဆင့်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးမှ ဦးစီးပြီး စစ်ဆေးရေးဂိတ်တာဝန်ရှိအဖွဲ့များနှင့် Volunteer တို့ပူးပေါင်း ၍ ထောက်ခံချက်ပါရှိခြင်းမရှိသော မော်တော်ယာဉ် (၄၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း(၈၆)ဦးကို စစ်ဆေးခဲ့ရာ ကိုဗစ်−၁၉ ရောဂါပိုးမရှိ All (Negative) ဖြစ်ကြောင်း မြို့နယ် အဆင့်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ထံမှသိရသည်။
မျိုးသိန်း(ပြန်/ဆက်)