သရက် မေ ၂၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကိုးပင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်မြို့နယ်ဦးစီးမှူးက ပန်းခင်းစီမံချက် အဆင့်(၂) ဖြင့် ဆောင်ရွက်ပေးမှုကိုပြောကြားပေးခဲ့သည်။
ထို့နောက် အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးထားသည့် ကိုးပင်ကျေးရွာ အကောက်တဲနှင့် တောမြင်ဘာကျေးရွာနေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်(၁၃)ကတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သရက်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူအသီးသီးမှပေးအပ်ခဲ့ရာ ကိုးပင်ကျေးရွာအုပ်စုမှ ပြည်သူများကိုယ်စားကျေးရွာနေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)