သံတောင်ကြီး မေ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၂၇)ရက်နေ့ နံနက် (၁၀) နာရီ အချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက် တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးခရိုင် ပညာရေးမှူးဦးတင့်ဝေမှ အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍသည် အရေးကြီးဆုံးသော ကဏ္ဍတစ်ခုဖြစ်ပြီး ကျောင်း နေရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရန်အတွက် မိဘဆရာများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်၊ ကျောင်းသူ ကျောင်းသားများမှ KGမှ Grade-9 ထိ အောင်မြင်ပြီးပါက သက်ဆိုင်ရာ နည်းပညာ အထက်တန်းသင်တန်းကျောင်းများတွင် အသက်မွေးဝမ်းမှု ပညာကို ဆက်လက်သင်ကြားနိုင်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်ကြစို့ ’ ဆိုသည့်အတိုင်း ဆရာ ၊ ဆရာမများ ၊ကျောင်းသားမိဘများအနေဖြင့် ကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက်ဒေသတွင်းရှိ အဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဘားသာရေးအသင်းမှ ဆရာ တော်များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေပေးသည့် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ် ၊ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများနှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (အ.ထ.က-၁)၊ ဗဟန်း(အ.ထ.က-၂) တို့မှ လှူဒါန်းပေးသော ကျောင်း ဝတ်စုံများကို ခရိုင်ပညာရေးမှူး ဦးတင့်ဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ မြို့နယ်ရဲမှူးထွန်းကြည်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ