ကေ့ာကရိတ် မေ ၂၉
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့နံနက်ပိုင်း ကကေ့ာကရိတ်မြို့ အ.ထ.က(၂)ကျောင်း၌ ကျောင်းအပ်နှံရေးသို့ တက်ရောက်လာသူ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ များအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်ရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကလေး အလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကလေးများအား ကလေးအလုပ် သမား ဖြစ်စေခြင်းမှ ပိုမို ကာကွယ်ကြပါစို့၊ သင့်ကြောင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ဆောင်းပါးနှင့် ကာတွန်းများ၊ ကဗျာများ၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
သင်းမြတ်(ပြန်/ဆက်)