သာယာဝတီ အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား နိုဝင်ဘာ(၈)ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြု လုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြော်ငြာမှုများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခြင်းများကို ယနေ့ နေ့လယ် ၁ နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက်(၇) နာရီအချိန်တွင် ဒုတိယအကြိမ်မဲ စာရင်း ကပ်ထား ကြေညာခြင်းများကို ဆောင်ရွက်လျက်ရှိပြီး သာယာဝတီမြို့ နယ်တွင် ရပ်ကွက်(၂၁)ရပ်ကွက်၊ကျေးရွာအုပ်စု (၄၈ ) အုပ်စု၌ မဲဆန္ဒရှင် ဦးရေ (၁၂၁၆၂၅) ဦး၊ မဲရုံ (၁၀၇)ရုံတို့ရှိ မဲစာရင်းကပ်ထားကြော်ငြာခြင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်အိအိအောင် ဦးဆောင်သောအဖွဲ့များက ကြည့်ရှု စစ်ဆေးခဲ့ရာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)