ဖျာပုံမြို့၌ Stay at Home ကာလအတွင်း “လှုပ်လှုပ်ရှားရှား လူထုအားကစား” ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်

ဖျာပုံ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၌ ကိုဗစ်-19 ထိန်းချုပ်မှုကာလအတွင်း Stay at Home နေကြသည့် ပြည်သူများအတွက်  ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ “လှုပ်လှုပ်ရှားရှား လူထုအားကစား”အစီအစဉ်ကို ပြိုင်ပွဲ၊ ပွဲစဉ်၉ခုဖြင့် ကျင်းပဆောင် ရွက်သွားမည်ဖြစ်၍ ပြည်သူများဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးကို ဖျာပုံခရိုင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက facebook page များမှ ဖိတ်ခေါ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို လူထုအားကစားလှုပ်ရှားမှုအသွင်ဖြင့် ပြုလုပ်တာဖြစ်၍ ပြည်သူလူထုတွေ အများဆုံးယှဉ်ပြိုင်နိုင်အောင်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး  အားကစားကဏ္ဍအနေဖြင့် ပြည်သူများ Stay at Home နေသည့်ကာလအတွင်း ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုပြုလုပ် စေချင်သည့် အတွက် အားကစားပြုလုပ်အောင် Physical Fitness Dance ၃မိနစ်ခန့် လှုပ်ရှားမှု ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်သည်။ “လှုပ်လှုပ်ရှားရှား လူထုအားကစား”   ပြိုင်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်းနှင့် နည်းပြများမှ သတ်မှတ်ထားသည့် ကကွက်များကို အောက်တိုဘာ ၁၀ ရက်နေ့ မှစတင်၍ နှစ်ပတ်တစ်ကြိမ်  “လှုပ်လှုပ်ရှားရှား လူထုအားကစား “ Page မှ လွှင့်တင်ပေးမည်ဖြစ်ပြီး လွှင့်တင်ပေးသည့်က ကွက် ပုံစံအတိုင်း ဝါသနာရှင်ပြည်သူများက သီချင်း(၉)ပုဒ်ဖြင့် လိုက်ပါ လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ရမည်ဖြစ်သည်။  ပွဲစဉ်ဇယားများက မိမိတို့  facebook page များတွင်တင်ပေးထားကြောင်းနှင့် ပြိုင်ပွဲသို့ အသက်အရွယ်မရွေး ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း ဖျာပုံခရိုင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦးထံမှသိရှိရသည်။

ပြိုင်ပွဲတွင် ခရိုင်များအတွက်  ပထမဆု(၂၀)သိန်း ဒုတိယဆု (၁၇)သိန်း တတိယဆု(၁၅)သိန်၊ နှစ်သိမ့်ဆု တစ်ဆုလျှင်(၁၀)သိန်းနှင့် (၅)ဆု ချီမြှင့်မည်ဖြစ်ပြီး စုစုပေါင်း ချီမြှင့်ငွေကျပ်(၁၀၂) သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းပြီး ပါဝင်ယှဉ်ပြိုင်လိုသူများသည်ဖုန်းနံပါတ် ၀၄၅-၄၀၆၆၇ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ - လှလှနွယ် (ခရိုင်ပြန်/ဆက်)