ကျောင်းကုန်းမြို့နယ် ကိုဗစ်ကော်မတီသို့ PPE ဝတ်စုံနှင့် အလှူငွေများလှူဒါန်း

ကျောင်းကုန်း အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ PPEဝတ်စုံများနှင့် အလှူငွေလှူဒါန်းမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က ရရှိထားသော အလှူငွေများကို ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုသွား မည်ဖြစ်ကြောင်း၊ အလှူရှင်များကို လေးစားသောအားဖြင့် ပြည်သူများကလည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ယနေ့ရန်ကုန်မြို့နေ We Love Rangon အဖွဲ့မှ PPEဝတ်စုံ(၁၅၀)စုံ လှူဒါန်းမှုကို အဖွဲ့ကိုယ်စား ဒေါက်တာ သန်းနိုင်ဦးနှင့် ဦးဝင်းဝင်းထွန်းတို့က လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးက လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

Asian Crops Global စိုက်ပျိုးရေးဆေးကုမ္ပဏီ(ရန်ကုန်)နှင့် "ဖူးသစ်"လုပ်ငန်းစု (ကျောင်းကုန်း)တို့မှ အလှူငွေ ကျပ်()သိန်းလှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)