တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်း မြန်အောင်ခရိုင်တွင်ဖွင့်လှစ်

မြန်အောင်   မေ  ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာပေး သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်အောင်ခရိုင်အတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင် တန်း ဖွင့်ရခြင်းအကြောင်းရှင်းလင်းပြောကြား၍ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေမင်းထွန်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ အကြောင်းအသိပညာပေးဟောပြောပြီး  စိုက်ပျိုးရေး၊မွေး မြူရေးဆိုင်ရာ အသက် မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ (ယာယီ) ဦးစိုးမြင့်အောင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြံခင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုတို့က အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)