တောင်တွင်းကြီးမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တောင်တွင်းကြီး မေ  ၂၈

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးတွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင် နှစ် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပေလေးပင်ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ခိုင်ထွန်း၊ ရဲမှူးရဲမြင့်တို့က အမှာစကားများအသီးသီးပြောကြားပြီး ဒုတိယမြို့နယ်ပညာ ရေးမှူးဦးနိုင်ဝင်းက ကျောင်းအပ်လက်ခံရေး "မူ" များနှင့် ကျောင်းအဆင့်အလိုက် ဝန်ထမ်း ဖွဲ့စည်းပုံများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့ပစ္စည်းများကို ကျောင်းအုပ်ကြီးများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်အတွင်းတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ( ၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရေးကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရန်၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရာတွင် အခမဲ့ဖြစ်ကာ နိုင်ငံတော်မှ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ဗလာ စာအုပ်၊ ကျောင်း ဝတ်စုံ စသည်ဖြင့် ကျောင်းသားကျောင်းသူများအားပံ့ပိုးပေးပြီး မည်သည့်အခကြေးငွေမှ ကောက် ခံခြင်းမရှိကြောင်း သိရသည်။ တောင်တွင်းကြီးမြို့နယ်၌ အထက်တန်းကျောင်း(၁၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၅)ကျောင်း၊ အလယ်တန်းကျောင်း (၂၆) ကျောင်း၊ အလယ်တန်းကျောင်း ခွဲ(၃၃)ကျောင်း၊ မူလွန်ကျောင်း(၄၃)ကျောင်း၊ကိုယ်ပိုင်‌ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်း (၂)ကျောင်း၊ အ.မ.က(၁၁၀)ကျောင်း၊ အ.မ.က(ခွဲ)(၁၃)ကျောင်း၊ စုစုပေါင်း(၂၅၇) ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)