ပခုက္ကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဒေသန္တရစီမံကိန်းရည်မှန်းတန်ဖိုး ငွေကျပ် ၇၂၆ဒသမ၉၇၀ ဘီလီယံဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

ပခုက္ကူ  မေ ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်(ဧပြီလမှမတ်လ)အတွင်း ဒေသန္တရစီမံကိန်း ရည်မှန်းတန်ဖိုးငွေကျပ် ၇၂၆ ဒသမ၉၇၀ဘီလီယံဖြင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနက သိရသည်။

 “ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ပခုက္ကူမြို့နယ်အနေဖြင့် ပြည်ထောင်စုဘတ်ဂျက်တွင် တန်ဖိုးငွေကျပ် ၁၄ဒသမ ၆၇၂ဘီလီယံလျားထားပြီး ဌာန(၂၁)ဌာနမှ လုပ်ငန်းအရေအတွက် (၅၉)ခုနှင့်တိုင်းဒေသကြီး ဘတ်ဂျက်တွင် တန်ဖိုးငွေကျပ် ၃ဒသမ၆၆၈ ဘီလီယံလျားထားပြီး ဌာန(၁၃)ဌာနမှ လုပ်ငန်းအရေအတွက် (၁၃၆)ခု၊ စုစုပေါင်း ဒေသန္တရစီမံကိန်းရည်မှန်းတန်ဖိုး ငွေကျပ် ၇၂၆ဒသမ၉၇၀ဘီလီယံဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  ဒေသန္တရစီမံကိန်း ရည်မှန်းတန်ဖိုးမှာ ငွေကျပ် ၇၅၄ဒသမ၉၅၉ဘီလီယံရည်မှန်းလျားထားခဲ့ရာ (နှစ်ကုန်ခန့်မှန်းစာရင်းအရ) တန်ဖိုးငွေကျပ် ၇၀၅ဒသမ၇၆၄ဘီလီယံ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရည်မှန်းချက်အနေဖြင့် ၉၃ ဒသမ၅ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး အလားတူကာလ (၂၀၂၁-၂၀၂၂ဘဏ္ဍာရေး နှစ်) နှင့်နှိုင်းယှဉ်ပါက ၆ဒသမ၃ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၌ ယခင်နှစ် ထက် ၃ ရာခိုင်နှုန်းတိုးမြှင့်အကောင်အထည်ဖော်ဆောင် ရွက်ရမည်ဖြစ်ပြီး လယ်ယာကဏ္ဍကြီးတွင် တန်ဖိုးငွေကျပ် ၅၃ဒသမ၆ဘီလီယံ၊ စက်မှုကဏ္ဍကြီးတွင် တန်ဖိုးငွေကျပ် ၃၁၇ဒသမ ၃ဘီလီယံ၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် တန်ဖိုးငွေကျပ် ၃၅၆ဒသမ၁ဘီလီယံ ရည်မှန်းလျားထားကြောင်း၊ မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ရင်းနှီးမြုပ်နှံမှုအနေဖြင့် တန်ဖိုးငွေကျပ် ၁၈ဒသမ ၃၄၁ ဘီလီယံ လျားထားပြီး တစ်ဦးချင်းစီ၏ တစ်နှစ်ပျမ်းမျှဝင်ငွေ (Per Capita GDP) လျာထားမှုမှာ ငွေကျပ် ၃၅၉၃၇၉၁ဖြစ်ကြောင်း၊ မြို့နယ် အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ စက်မှုလက်မှု၊ ပို့ဆောင်ရေး၊ ငွေရေးကြေးရေးနှင့် ကုန်သွယ်မှုကဏ္ဍတန်ဖိုးများပါ လိုက်လျောညီထွေစွာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး နိုင်ငံပိုင်အခန်းကဏ္ဍ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ရက် အတွင်းပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ဌာနနှင့်ဒေသအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီနှင့် မြို့နယ်စီမံကိန်းဦးစီးဌာနရုံးတို့တွင် လစဉ် ပြန်လည်တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း” မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှဌေးမြင့်က ပြောပြသည်။

ဘာမီသာ(ပခုက္ကူ)