ဘိုကလေးမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဘိုကလေး မေ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ယနေ့နံနက်(၈)နာရီခွဲ အချိန်တွင် ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ ကားလမ်းပေါ်ရှိ ကံ့ကော်တစ်ထောင်ဘုရားအနီး မိုင်တိုင်အမှတ်(၃/၄)မှ (၄/၄)နေရာတွင် ၂၀၂၃ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မလော့ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စိုက်ပျိုးမည့်အပင်များအား တက်ရောက်လာသူများသို့ပေးအပ်ပြီး တက်ရောက်လာသူများအားလုံး စုပေါင်း၍ကျွန်း(၁၅၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ မာလာလူးကား(၁၀၀)ပင်၊ မန်ဂျန်ရှား (၁၅၀)ပင်၊ စုစုပေါင်းပျိုးပင် (၆၀၀)အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ ဆက်)