စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် အခြေခံအင်္ဂလိပ်သဒ္ဒါ သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်း မေ ၂၈

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း(အခမဲ့) ဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကမ္ဘာသုံးအင်္ဂလိပ်ဘာသာရပ်ကို အခြေခံမှစ၍ စနစ်တစ်ကျ ပြောတက် ဆိုတက်၊ ရေးသားတက်စေရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်ပြီး ပိုမိုချစ်ခင်ရင်းနှီးမှုရရှိကာ ပူးပေါင်း ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ စိတ်ဝင်စားမှုအတွက် စာတွေ့/ လက်တွေ့ ပြိုင်ဆိုင်စမ်းသပ် ဖြေဆိုကြည့်ရာ ဆုရရှိခဲ့ သည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

 အဆိုပါသင်တန်းကို ၂၀၂၃-ခုနှစ်၊ ဧပြီ(၂၂)ရက်နေ့ မှစ၍ အပတ်စဉ် (စနေ၊ တနင်္ဂနွေ)နေ့များတွင် နံနက်(၈)နာရီမှ (၉)နာရီခွဲအထိ စေတနာပညာရှင် ဆရာများက သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင် ( ပြန်/ ဆက်)