​ ရေတာရှည်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ရေတာရှည် ​မေ  ၂၈

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊​ ရေတာရှည်မြို့နယ် ​အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို ယမန်​နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်​ ခေတ္တမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ဒုတိယရဲမှူး ဦး​နေဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောဆွေးနွေးခဲ့ပြီး အမျိုးသမီး​ရေးရာအဖွဲ့ဥက္ကဋ္ဌ​ ဒေါ်ငုဝါ​ကျော်မှ​ကျေးဇူးတင်စကား​ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့​ ခေတ္တမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသန့်ဇင်​ဝေ၊ မြို့နယ်ရဲမှူးနှင့်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က​လေး​စောင့်​ရှောက်​အသင်းဝင်​များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ကျောင်းသား/ သူများ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)