ဘုရားသုံးဆူ အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ် ၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ နေ့လယ် ၁၀ နာရီအချိန်တွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါထောက်ပံမှုများကို ဘုရားသုံးဆူမြို့ တိုင်တစ်ရာ ကျောင်းဝင်းအတွင်း ရန်ငြိမ်းအေး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ စန္ဒ မှ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းသော လှူဖွယ်ပစ္စည်းများအား ရေစက်သွန်းချ အမျှပေးဝေပြီး ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက်၊ ပဲခူးစုအတွင်း နေထိုင်ကြသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀) စုအား ဆန်၊ ဆီ၊ ကြက်သွန် စာသော အခြေခံစားသောက်ကုန်များအား အိမ်တိုင်ရာရောက် ထောက်ပံပေးအပ် ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ်