အင်္ဂပူမြိုနယ်တွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်နှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

အင်္ဂပူ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ ပညာရေးမှူးရုံး အစည်းဝေခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းအပ်နှံရေး ရက်သတ္တပတ်နှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က ကျောင်းအပ်နှံရေး ကိစ္စများအားရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးလှထွဋ္ဌ်နှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)