သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျေးရွာအုပ်စု (၂၁) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

သာပေါင်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျေးရွာအုပ်စု (၂၁) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ တွေ့ဆုံခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် သွင်းအားစု (နွေစပါး/ပဲတီစိမ်း) ရယူပြီး ကြိတ်ခွဲရေးသို့ပေးသွင်းရန်ကျန်တောင်သူများအား ၂၆.၅.၂၀၂၃ ရက်နေ့အပြီး ပေးသွင်းရေးသက်ဆိုင်ရာ ကျေးရွာအုပ်စု (၂၁) အုပ်စုမှ အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံပြီး အမြန်ဆုံးပေးသွင်းရေးနှိုးဆော်တိုက်တွန်း တွန်းအားပေးဆောင်ရွက်ရေး၊ ခံဝန်ကတိပြုလက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)