သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သာပေါင်း မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့ ကျောင်းအမြန်အပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မေလ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၌ ကျောင်းအပ်နှံလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၃၀၈) ခြေမြန်တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်မှူး အောင်နိုင်ထူး၊ မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်တို့က ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

သာပေါင်းမြို့နယ်တွင် မေလ ၂၃ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် ကျောင်းသား၊ ကျောင်းသူ(၁၆၉၅၅)ဦး၊ ဘုန်းတော်ကြီးသင် ပညာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး၊ ကိုယ်ပိုင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး ပေါင်း (၁၇၀၁၁)ဦးတို့ ကျောင်းအပ်နှံထားလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်