ကလေး မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ပါအကြောင်းအရာများဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများအား ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရန်နှင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများ အရည်အသွေး တိုးတက်မြင့်မားစေရန်နှင့် ဌာန၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများရုံးတွင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဦးစီးမှူး ဦးထွန်းမင်းအောင်မှ နိုင်ငံ့ဝန်ထမ်းသစ္စာ ဓိဋ္ဌာန်(၆)ချက်ကို တစ်မျိုးချင်းစီအလိုက် အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများ ဖြင့် စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို လစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)