ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် အစည်းဝေးကျင်းပ

ပုသိမ် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ စတုတ္ထအကြိမ် အစည်းဝေးကို ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး (ကိုယ်စား) ဦးသန့်ဇော်လွင် (ဒုတိယညွှန်ကြားရေးမှူး၊ နည်းပညာ) က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးပြီး (၂၀၂၂/၂၀၂၃) ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သုံးသပ်တင်ပြပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်