ကံမမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဖွင့်လှစ်

ကံမ မေ ၂၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးပြုလုပ်နိုင်ရန်နှင့် အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၄/၂၀၂၃)အား သာသနာဗိမာန်သိမ်တော်ကြီး၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်း၌ သရက်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇော်ဝင်းက အမှာစကားပြောကြားပြီး ရေချိုးဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာဆီ၊ ခေါင်းလျှော်ရည် (သဘာဝ)၊ ပန်းကန်ဆေးဆပ်ပြာအစရှိသည့် လူသုံးကုန်ပစ္စည်း (၁၆)မျိုးအား သရက်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာမနှစ်ဦးက လက်တွေ့ သင်ကြားပြသပေးခဲ့သည်။ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ(၂၅-၅-၂၀၂၃ မှ ၂၉-၅-၂၀၂၃ ထိ) ၅ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)