နတ်မောက် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူများအား နည်းပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့ပညာပေးလုပ်ငန်းများ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တောင်သူများအား နည်းပညာပေးဆွေးနွေးခဲ့ရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက နှမ်းစိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိစေရေး၊ နှမ်းစိုက်ခင်းအတွင်း ပေါက်ရောက်တတ်သော ပေါင်းအမျိုးအစားနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ကျရောက်တတ်သော ရောဂါပိုးမွှားများ၊ မိတ်ဆွေပိုးများ ကျရောက်လာပါက ကာကွယ်နှိမ်နင်းနည်းများကို ပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့ပြသခြင်းကို နှမ်းခင်းအတွင်း ကွင်းဆင်းပြသရှင်းလင်းခဲ့ရာ နတ်မောက်မြို့နယ်အတွင်းရှိ နှမ်းစိုက်တောင်သူ (၅၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း