နတ်မောက်မြို့ သာယာလှပစေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့၌ မြေယာရှုခင်းနှင့် We Love Natmauk စာလုံး တပ်ဆင်မည်

နတ်မောက် မေ ၂၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့သာယာလှပစေရေးအတွက်  နတ်မောက်-တောင်တွင်း ကားလမ်းဘေး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ မြေကွက်လပ်၌ မြေယာရှုခင်းနှင့် We Love Natmauk စာလုံး တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေယာရှုခင်းနှင့် We Love Natmauk စာလုံးတပ်ဆင်နိုင်ရေးအတွက် ပြင်ဆင်နေမှု အခြေအနေများကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန် ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း