မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်း လူငယ် (အငယ်တန်း) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

မကွေး မေ

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်(အငယ်တန်း) သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ ယမန်နေ့ ညနေပိုင်းက သင်တန်း ပြီးမြောက်၍ သင်တန်းစခန်း(မကွေး)သို့ ပြန်လည်ရောက်ရှိလာသည့် အခြေခံလေကြောင်း လူငယ်(အငယ်တန်း) သင်တန်းသား၊ သင်တန်းသူ များအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ မကွေးတပ်နယ်မှူးနှင့် တာဝန်ရှိသူတို့က မကွေးလေဆိပ်တွင် ကြိုဆိုခဲ့ကြပြီး သင်တန်းစခန်း(မကွေး)ခန်းမ၌   ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံလေကြောင်းလူငယ် (အငယ်တန်း)သင်တန်း သင်တန်းသား၊ သင်တန်းသူများအား အခြေခံလေကြောင်းလူငယ် သင်တန်းကိုတက်ရောက် ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချ သင်ယူရသောကြောင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်လူငယ်များဖြစ်၍ အသိပညာ/အတတ်ပညာ ရပ်ပိုင်းဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမှာ ဖြစ်ကြောင်းနှင့် ဂုဏ်ပြုသြဝါဒစကား ပြောကြားပြီး၊ သင်တန်းသားကိုယ်စားလှယ်များက သင်တန်းတွင် ရရှိခဲ့သော ထူးချွန်ဆုတံဆိပ်များအား မကွေးလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးထံ ပြန်လည်လည်ပေးအပ်ကာ၊ ဌာနချုပ်မှူးက နှုတ်ခွန်းဆက် စကားပြောကြား ခဲ့သည်။

ထို့နောက် မကွေးသင်တန်းစခန်းမှ သင်တန်းသူ မဝိုင်းစုပြည့်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ၊ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို နွေရာသီကျောင်းပိတ်ရက်များမှာ အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အခြေခံလေကြောင်းလူငယ်သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းစခန်း(မကွေး)အနေဖြင့် အခြေခံလေကြောင်းလူငယ်သင်တန်းကို မကွေး လေတပ်စခန်းဌာနချုပ်တွင် ရက်သတ္တ ၂ ပတ် စခန်းသွင်းလေ့ကျင့်ခဲ့ပြီး၊ မိတ္ထီလာလေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်နှင့် မြေပြင်အတတ်သင် လေတပ်စခန်းဌာနများတွင် ရက်သတ္တ ၂ ပတ် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ကာ၊ မကွေးသင်တန်းစခန်းအနေဖြင့် စစ်ရေးပြထူးချွန်ဆုနှင့် အကောင်းဆုံးသင်တန်းစခန်းဆုတို့ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မောင်ညီညာ