ဟိုင်းကြီးကျွန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီ အချိန်တွင် အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်းခြံဝန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှဦးဆောင်ပြီး ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမြင့်ဆန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ အနီးကပ်ကြီးကြပ် ကွင်းဆင်းဆောင်ရွက်လျှက်ရှိပြီး ကျောင်းခြံဝန်းပတ်လည်တစ်လျှောက် အရှည်ပေ(၃၀၀)ခန့်ပြီးစီးခဲ့ကာ ကျန်ရှိသောနေရာများတွင်လည်း ရေစီး/ရေလာ ကောင်းမွန်စေရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)