ရေတာရှည် မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ် အသိပေးမြေစိုက်ပိုစတာ ဆိုင်းဘုတ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်မြေစိုက်ပိုစတာအား ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က အသွားအလာများသည့် လူစည်ကားရာ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်)ရှေ့၌ စိုက်ထူ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ် လဝကဦးစီးမှူး၊ မြို့နယ်ရဲမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ အခြေခံပညာကျောင်းများအားလုံးတွင် စတင်လက်ခံပေးနေပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ အတန်းလိုက် ဆရာ၊ ဆရာမများက စနစ်တကျ အခမဲ့ကျောင်းအပ်လက်ခံပေးကြကြောင်း နှင့် KG တန်းမှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးပြီး Grade-6 နှင့် Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများအား ပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)